" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, February 2, 2011

ဒုတိယ တစ်ခုလပ်-တေးထပ်

ရာဇဝင်စံပြလို့ သမ္ဘဝဆွေညီ

နယ်မက ဘေဒါရီကို မဟေသီ ဆွတ်ဖျန်း

ဤကဲ့သို့ ငါးဆက်သွယ်သည်

ရှင်ဘို့မယ် မင်းဆက်တောင်နန်း

မြတ်ဝေဠုဝတီမယ်မှာ သီဟာလယ်ဆောင်ခန်း

ဆင်ဖြူရှင် ကြငှန်းမတော့ နန်းထိုက်တဲ့သူဇာ

တောတွင်းသူ လင်ကွာမိ ခင်ရှာဘိ နန်းတင်သည့်တာ

သမုနတ်လောင်းလျာတွေတောင်

ကောင်းတာကို သူသိလို့ ယူဘိတယ့်သေချာ

ကျမ်းထွက်မကွာ

တစ်ခုလပ် ပြုပုံသာသည် နုကုမ္မာမှီဘူးကွယ့်လေး။


(ရေးသူမသိ)
တွေ့ရကြုံရ ကျွန်တော့ဘဝ
ပခုက္ကူ ဦးအုံးဖေ စာအုပ်မှ

No comments:

Post a Comment