" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, February 2, 2011

တစ်ခုလပ်-တေးထပ်

ရှင်ဘို့မယ် တစ်သက် မင်းဆက်ကငါးသွယ်

နှင်းမပျက် ရုံးချယ်သည် ထုံးတစ်သွယ် ဥဒါန်း

ဝိဒေဟ မယ်ဥဒုံလို နယ်လူ့ဘုံ ပြောကြစတမ်း

သရေခေတ် ပြေဌာနီမှာ ဘေဒါရီ တစ်ခန်း

ဝေသာလီကြငှာန်းမတော့ နန်းခြောက်ဆက် သာမာ

ကြက်တောင်ပြန် စကုပြတ်လိုပါ့

တစ်ခုလပ် ကောင်းလေသည့်တာ

သမုနတ် လောင်းလျာငယ် ကောင်းတာကို သိသူမှ

ယူမိတဲ့ ရွှေစာစောင်

နှင်းမဲ့ညာတောင်

တစ်ခုလပ် မာယာဆောင်လျှင်

ကညာတောင် သာဘူးကွယ့်လေး။

(ရေးစပ်သူ အမည်မသိ)
တွေ့ရကြုံရ ကျွန်တော့ဘဝ
ပခုက္ကူ ဦးအုံးဖေ စာအုပ်မှ

No comments:

Post a Comment