" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, January 2, 2011

နေ့သစ်တိုင်း ခြေလှမ်းတိုင်း

ယနေ့ စက်မှုတော်လှန်ရေးခေတ်ကို အဆင့်သုံးဆင့် အဖြစ်ဖြင့် ပညာရှင်တို့သည် ရှု့မြင်သုံးသပ်လျှက်ရှိကြသည်။ ပထမအဆင့်ကို လူသားတို့၏ ကိုယ်ကာယ ကြွက်သားများကို ချဲ့ထွင်ပေးခဲ့သော စက်ယန္တရားခေတ်ဟု လည်းကောင်း၊ ဒုတိယအဆင့်ကို ယင်းစက်ယန္တရား(ရေဒီယို၊ တီဗီ၊ တယ်လီဖုန်း၊ စသည်) များကို လက်တွေ့အသုံးချလျှက် လူသားတို့၏ အာရုံကို ချဲ့ထွင်သော ခေတ်ဟုလည်းကောင်း၊ နောက်ဆုံး ယခုလက်ရှိ အဆင့်ကို လူသားတို့၏ ဦးနှောက်ကို ချဲ့ထွင်ပေးသော ကွန်ပျူတာ အင်တာနက်ခေတ်ဟု လည်းကောင်း ယေဘုယျအားဖြင့် သတ်မှတ်ခဲ့ကြသည်။

ယနေ့ ဂလိုဘယ်ခေတ်ကြီးမှာ သိစရာ တတ်စရာ သင်စရာတို့သည် များပြားလှပေ၏။ ခေတ်နှင့်အညီ ခေတ်ကို ရင်ဘောင်တန်း လိုက်နိုင်ရန်ပင် ခက်ခဲလှပေသည်။ နေ့စဉ်နေ့တိုင်း သိပ္ပံပညာရှင် သုတေသီများသည် သိပ္ပံသုတေသန စာတမ်းသစ်ပေါင်း ခုနှစ်ထောင်ကျော်ကို အပြီးသတ်အချောကိုင် ထုတ်လုပ်နိုင်ကြသည်ဟု သိရှိရ၏။ မိမိအဖို့ တစ်နေ့မှာ စာအုပ်တစ်အုပ်တောင် ပြီးအောင် မဖတ်ရှူနိုင်ပေ။ အမေရိကန်နိုင်ငံတစ်နိုင်တည်းမှာပင် စာအုပ်အမျိုးစားပေါင်း ငါးသောင်းနီးပါး ထုတ်ဝေဖြန့်ချနေသည်ဟု သိရှိရ၏။ မျက်မှောက်ခေတ်ကာလ ရရှိသော သီတင်းအချက်လက်များထက် ငါးနှစ်တစ်ကြိမ် သီတင်းအချက်လက်များ နှစ်ဆတိုးလေ့ရှိသည်ဟူ၏။
ကြောက်ခမန်းလိလိ တိုးတက်ပြောင်းလဲနေသောခေတ်ကြီးပင်။ တိုးတက်ပြောင်းလဲလာသော ခေတ်ကြီးကို မျက်ခြေမပြတ် မလိုက်နိုင်ပါလျှင် ယနေ့ တက္ကသိုလ် ကောလိပ်တို့မှ ရရှိလာသော မိမိတို့၏ သိရှိချက်များကို ခေတ်မီအောင် မမြှင့်တင်နိုင်ပါလျှင် ထိုဘွဲ့ရခေတ်ပညာတတ်များသည်လည်း နောက်အနှစ် ၁၀နှစ် ၁၅နှစ် အကြာတွင် သူတို့ တက္ကသိုလ် ကောလိပ် ကျောင်းတို့မှ သင်ကြားတတ်မြောက်ခဲ့သော အတတ်ပညာများ ခေတ်တုံး ဒိတ်အောက် နေပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။

ထို့ကြောင့် မိမိတို့၏ အရုဏ်ဦး နေ့သစ်ဘဝများသည် “လမ်းရိုးဟောင်းတွင် ချဲ့ကာထွင်” ဆိုသကဲ့သို့ ပညာဟောင်းတို့ကို အခြေခံ၍ နေ့သစ်တိုင်း ခြေလှမ်းတိုင်းတွင် အတူယှဉ်လျှက် ခေတ်နှင့်အညီ ချဲ့ထွင်နိုင်ပါမှ ခေတ်နှင့် ရင်ပေါင်တန်း တန်းတူညီမျှ ရှင်သန်နိုင်မည့် ဘဝဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကျေးဇူးတင်ပါသည်
မေ့သားလှ(ဇလဂ္ဂ)
၃-၁-၂၀၁၁

No comments:

Post a Comment