" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Saturday, January 29, 2011

မေတ္တာကျေးဇူး စွမ်းရည်ထူး

ငြိမ်းချမ်းသာယာ ဤကမ္ဘာ၀ယ်
လူ့အရည်အသွေးနှင့် စည်းစိမ်ရေးတွင်
ပြည့်ဝခရီး မှန်ကန်ချဉ်းဖို့
ဦးဆောင်မှုအရေး လမ်းပြပေး၍
တူယှဉ်ဟစ်ကြွေး ကျေးဇူးပေးသည်
ကြည်နူးဖွယ်ရာ ဤမေတ္တာတည်း။
လူမျိုး ဘာသာ မရွေးပါဘဲ
အရိုးခံတရား အဖြူထည်အားဖြင့်
ကျင့်ဝတ်တစ်ခု ပမာပြု၍
လူမှု ကျန်းမာ ပညာ အရာတွင်
ပါဝင်ဆက်နွယ် ပတ်သက်လွယ်သည်
တစ်ဦးချင်းအလှ သဘာဝတည်း။
အဆောင်သဘောထား မေတ္တာများဖြင့်
နှောင့်ယှက် ဘေးရန် ဆင်းရဲအမှန်နှင့်
ဒုက္ခစုံများ သောကကြားတွင်
လှပချိုမြိန် ဘ၀အရှိန်ကို
ခံစားဖေးကူ ရယူစေသည့်
စိုပြေအနှစ်ပါ ဤမေတ္တာသည်
ဘ၀အလှ မွေ့လျော်ဖွယ်တို့
မြစ်ဖျားခံရာ ဒေသတည်း။
ရိုက်ခတ်တံပိုး လောကဓံဆိုးနှင့်
ပဋိပက္ခခါး သံသရာကြားတွင်
ကိုယ်စိတ်နှစ်ပါး သဘောထားအား
ပြုံးပန်းသာယာ ချိုကြည်စွာဖြင့်
ခရီးဦးကြိုဆို ကူညီလိုသည်
အံ့ဖွယ်မေတ္တာ အစွမ်းတည်း။
လောကဓံသဘာဝ နှလုံးလှတွင်
တဒင်္ဂကြီးစိုး ဒေါသဆိုးကြောင့်
ရုပ်ဆိုး အကျည်းတန် ဤသို့မှန်လျှင်
မေတ္တာနှင့်သာ ကမ်းလင့်ပါမူ
မည်သူမဆို ကွမ်းတစ်ယာ ရေတစ်မှုတ်
ပန်းတစ်ပွင့်ပင် ဖြစ်လင့်ကစား
ဝမ်းပန်းတသာ ကြိုဆိုမည်သာ
မေတ္တာကျေးဇူး စွမ်းရည်ထူး၏
အရှိန်အ၀ါ အသရေ ကြီးမြတ်လေသည်
မြတ်နိုးဖွယ်ရာ အတိပါတကား။

(မိဿမင်းသမီး)

No comments:

Post a Comment