" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Wednesday, January 5, 2011

မေတ္တာစွမ်းအင် ထိုသစ်ပင်

မေတ္တာစွမ်းအင် ထိုသစ်ပင်ကို

ရင်တွင်ပျိုးစိုက် အစဉ်ပိုက်၍

ဖိုးထိုက်စွာပန်း ဖူးပွင့်လန်းသော်

စိတ်ချမ်းသာဘိ လွန်ပျော်မိလိမ့်။

မေတ္တာပွင့်ပန်း သင်းထုံလန်းရေး

ရင်ဝယ်ထွေးသော် မေတ္တာကိုင်းခက်

အတက်အမြစ် ပင်စည်စစ်တို့

ဖြစ်ထွန်းနှံ့ပြား ထပ်ထပ်ပွားလိမ့်။

မေတ္တာကိုင်းခက် အရွက်လက်နှင့်

အတက်အမြစ် ရှင်သန်ဖြစ်သော်

လူချစ်နတ်ချစ် အားလုံးချစ်လျက်

အချစ်မွှေးထုံး လုံးစုံအေးရာ

သီတာမည်သာ စွမ်းမေတ္တာကြောင့်

မြေမာဆူးငြောင့် ပြန့်ပြူးဖြောင့်လိမ့်။

မုန်းညှောက်မပွင့် ချစ်ပွင့်မည်သာ

နှစ်လိုဖွယ်ရာ ရွှေမေတ္တာကြောင့်

ပူဆာမီးတောက် ငြိမ်းအေးပျောက်လိမ့်။

မေတ္တာမျိုးစေ့ ရှင်သန်မွေ့ဖို့

မရွှေ့မပြောင်း ခယောင်းထူပြွမ်း

ကျောက်ဆစ်လမ်းသို့ လျှောက်လှမ်းမိရာ

ထိုသည့်ခါ၌ ပူဆာလောင်စွ

မျက်ဒေါသကို ဦးစွာ့ရှင်းလင်း

သုတ်သင်ခြင်းက အမှန်မယွင်း

လက်ငင်းတာဝန်ဖြစ်ခြေလိမ့်။

(မေ့သားလှ-ဇလဂ္ဂ)။
၆-၁-၂၀၁၁

1 comment:

  1. စကားအသုံးအနှုံးတွေက ဂုဏ်မြောက်သလို ရသတွေလည်းပါတော့ ဖတ်ရတာ အရသာရှိလှတယ်ဘုရား။မေတ္တာဖွဲကဗျာ လည်းဖြစ်ပြန်တော့ စိတ်ကို ပသာဒရှိ
    လှပါသည်ဆရာတော်။ ဆက်လက်ပြီး အများကြီး ဖတ်ချင်သေးတယ်ဘုရား။

    ReplyDelete