" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, December 5, 2010

အလှကိုယ်စီရှိကြတယ်

လောကမှာ လူသားတိုင်းဟာ အလှကိုယ်စီရှိကြပါတယ်။ သူ့အလှနှင့်သူ ကိုယ့်အလှနှင့်ကိုယ်ပေါ့။ ရောင်စုံပန်းခင်း လောကပန်းဥယျာဉ်ကြီးထဲမှာ သင်ဟာလည်း ပန်းတစ်ပွင့်အပါဝင်ဖြစ်ပါလိမ့်မယ်။ ဒီတော့ အလှဆိုတာ အမျိုးမျိုးရှိနိုင်ပေမဲ့အချုပ်အားဖြင့်ရုပ်အလှနှင့်စိတ်အလှရယ်လို့နှစ်မျိုးကိုဆိုလိုပါတယ်။ အလှဆိုတာတော့ ကြည့်သူရဲ့အပေါ်မှာမူတည်ပါတယ်။ ရုပ်ရည်ရူပကာယ လှပခြင်းဟာ အတော်အတန် အရေးပါအရာရောက်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ဒီခောတ်ကြီးမှာ အလှအပကို ရှေ့တန်းတင်ပြီး အစီစဉ်တစ်ရပ်အနေနဲ့ ကိုယ်ကာယအလှသင်တန်းတွေ တက်ရောက်နေကြပါတယ်။ တချို့ကတော့ အားကစားရုံသို့သွားပြီး ပင်ပင်ပန်းပန်း အားထုတ်လေ့ကျင့်ကြမှာပါ။ ကျမ်းမာရေးရှူ့ဒေါင့်မှကြည့်လျှင် အလွန်သင့်မြတ်မှန်ကန်ပါတယ်။ 

ကျစ်လစ်သွယ်လျလှပတဲ့ကိုယ်ခန္ဓာပိုယ်ဆိုင်ကြလျှင်နှစ်သက်မြတ်နိုးစရာလေးဆိုတာ ငြင်းချက်ထုတ်စရာ မလိုလောက်ပါဘူး။ယောကျာင်္းတစ်ယောက်မှာ ယောကျာင်္းဟန်ပီသပြီး တင်းရင်းတဲ့ ရင်အုပ်ရှိခြင်းနှင့် အမျိုးသမီးတစ်ဦးမှာ လက်ခြေသဏ္ဍန်ကိုယ်ဟန် သလုံးသားသွယ်သွယ်လျလျလေးတွေရှိနေခြင်းကို ဆွဲဆောင်မှု့ရှိတယ်တင့်တယ်လှပတယ်လို့အများက မှတ်ယူတတ်ကြပါတယ်။ ကိုယ်ကာယလှပဖို့အတွက် အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်တွေလျော့ချ အဆီတွေလျော့ချပြီးအစားအသောက်ကိုလေးလေး နက်နက်ဂရုစိုက်ဆင်ခြင်တာဟာအလှအတွက်ဖြစ်နိုင်သလိုကျန်းမာရေးအတွက်ပါ လုပ်ဆောင်တာတွေ့ရ ပါတယ်။ ယနေ့ခောတ်မှာ ရုပ်အလှပအတွက် အမြင်တင့်တယ်ချစ်စဖွယ်အတွက် အမျိးသမီးအများစုဟာ အလှပြင်ပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဒါ့အပြင် ငွေကုန်ကြေးကျခံပြီး အလှပြင်ခွဲစိတ် ကုသခံကြပါတယ်။

ကိုယ်ခန္ဓာအတွင်းမှအဆီများစုပ်ထုတ်ပစ်ခြင်း ရင်သားအလှ တင်သားအလှ မျက်နှာအလှ အတွက်ခွဲစိတ် ပြုပြင်တတ်ကြပါတယ်။ ရုပ်ပိုင်းအလှအတွက်တော်တော်လေး ငွေကုန်ကြေးကျခံကြတာကို တွေ့နိုင်ပါတယ်။ အပြစ်ဆိုခြင်းမဟုတ်ပါ။

သို့သော်ထိုရုပ်အလှပိုင်ရှင်များမှာစိတ်ထားကအရုပ်ဆိုးအကျည်းတန်နေလျှင်သင်သို့မဟုတ်သင့်ဝန်းကျင်နှင့်ဆက်ဆံရတာ ငြီးငွေ့စရာ ခြောက်ကပ်ကပ်နိုင်လျှင် မနှစ်မြို့စရာ စိတ်ပျက်စရာများရှိနေလျှင် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကောင်းဂုဏ်ကင်းမဲ့နေလျှင် ထိုရုပ်အလှပိုင်ရှင်များကို တကယ့်အလှပိုင်ရှင် လို့ဆိုနိုင်ပါမည် လော့။ ထိုသူများဟာ ရုပ်အလှ သာမက စိတ်အလှပါပိုင်ဆိုင်ကြလျှင် အတိုင်းထက်အလွန်ကောင်းမှာပါ။ ပကတိရုပ်ရည်လှပခြင်းမှာ ကမ္မသီဝရီအရ မိမိရဲ့ရှေးကုသိုလ်ကံနှင့်ပတ်သက်ဆက်နွယ်နေသလို မိဘတို့ရဲ့ မျိုးဗီဇ(Gene)နှင့်လည်းဆိုင်ပါတယ်။ တချို့ကတော့ ရုပ်ပိုင်းအရ ချောမောလှပတယ်။သေသေ သပ်သပ်သားသားနားနားဝတ်စားဆင်ယင်တတ်တယ်။ အနေထိုင်အသွားအလာ ယဉ်ကျေးသိမ်မွေ့တယ်။ ဘက်စုံပြည့်ဝသူ အားကျစရာကောင်းတဲ့သူပေါ့။အဲတစ်ခုကလွဲလို့ပေါ့နော်။

သူနဲ့ဆက်ဆံကြည့်တော့တော်တော်ကြီးကိုစိတ်ပျက်ငြီးငွေ့စရာ
ကောင်းလှတယ်။ကဲ ဘယ်လောက်နှမြောစရာ ကောင်းလိုက်ပါသလဲ။ အကယ်၍ရုပ်အလှနှင့်ပြည့်စုံနေတဲ့သူ့မှာ စိတ်အလှနဲ့ပေါင်းစပ်နိုင်လိုက်လျှင် ဘယ်လောက်တောင်လှလိုက်မလဲ ဘယ်လောကတောင်ချစ်စရာကောင်းလိုက်မလဲ ဘယ်လောက်စွမ်းပကားကြီးမားမလဲဆိုတာ ပြောစရာပင်လိုမှာမဟုတ်တော့ပါ။
ရုပ်ပိုင်းဆိုင်ရာအလှပသဘောသဘာဝအရ ညှို့ယူဖမ်းစားနိုင်စွမ်းရှိခြင်း စွဲမက်စရာကောင်းခြင်း လိုလားနှစ်သက် ချစ်စရာကောင်းခြင်းတွေဟာ လိုလားအပ်တဲ့အရာတွေ မက်မောချင်စရာတွေပါ။ သို့ပေမဲ့ လူဆိုတာတစ်ယောက်တည်းနေလို့ ဒီခောတ်ကြီးမှာ မရနိုင်တော့ပါဘူး။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ပြောဆိုဆက်ဆံကြရမှာပါ။ ဒီတော့ မိမိတို့ရဲ့စိတ်နေစိတ်ထား မကောင်းလျှင် မိမိစိတ်ထားက မိမိကို လူအများနှင့် မဆက်ဆံချင်အောင် ဒုက္ခလှလှပေးတတ်ပါတယ်။ ဒါကြောင့် စိတ်အလှ နှလုံးအလှ ဖွင့်ဖြိုးတိုးတက်အောင် အားထုတ်ကြရမှာဖြစ်ပါတယ်။ စိတ်အလှကို ရယူပိုင်နိင်အောင် ပြုစုပျိုးထောင်ဖို့အထူးလိုအပ်ပါတယ်။ နှလုံးသားလှပသူ စိတ်ထားဖြူစင်သူတစ်ဦးဟာ ရုပ်အဆင်းအသွင်ပြင်သိပ်အလှသော်လည်း သူဟာ တကယ့်ချောပေ့လှပေ့ဆိုတဲ့သူများကို အမှီလိုက်နိုင် ပါတယ်။ သူ့တို့ထက်ပင်သာလွန်နိုင်ပါတယ်။ သို့အတွက် စိတ်အလှကို မွေးမြူခြင်း စိတ်အလှရဲ့တန်ဖိုးကို နားလည်ခြင်းဖြင့် စိတ်ကိုအလှဆင်နိုင်ကြပါလျှင် သင်ဟာလည်း ရောင်စုံပန်းခင်းကြီးထဲက ပန်းအလှလေး တစ်ပွင့်ဖြစ်ကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။ အလှကိုယ်စီရှိနိုင်ကြပါစေ။မိမိရဲ့စိတ်ကို လှသထက်လှ အောင်ကြိုးစားတည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
မေ့သားလှ-(ဇလဂ္ဂ)

No comments:

Post a Comment