" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, December 6, 2010

သဘာဝသစ္စာ

*စံပယ်ပန်းပွင့် ခရေပွင့်တွေ
ခတ္တာနှင့် ဆိတ်ဖလူး ပင်လုံးမြူးကြွ
အလှသစ္စာ ပွားစည်တာကို
မိုးသည်းလေထန် မုန်းတိုင်းထန်လည်း
ပင်ယံထက်က ဒီပန်းတွေ
လွင့်ချင်လွင့် ကြွေချင်ကြွေမယ်
သူတို့ရဲ့ သဘာဝ သစ္စာတရား
ပန်းသတ္တိများကတော့
မွှေးမြဲမွှေးဆဲတဲ့လေ။

*ရနံ့တင့်ထူး စန္ဒကူးလည်း
အထူးခြောက်သွေ့ လောင်ကျွမ်းမြေ့၍
ဓလေ့ထုံပျံ့ သူ့ရနံ့ကို မတံ့မရွံ့
ဘယ်သောခါမှ သူမစွန့်ဘူးတဲ့လေ။

*ကမ္ဘာမြေကို သာယာစိမ်းလမ်း
အေးချမ်းပေစွ ခက်မဝေဖြာ
ပင်မဟာလည်း လှဲခုတ်လာသူ
ထိုသည့်သူကို မလဲသမျှ
အေးရိပ်ရအောင် သူစွမ်းဆောင်သတဲ့လေ။

*မေတ္တာလွှမ်းပတ် ကြင်နာတတ်သည့်
စာပေတတ်သိ ပညာရှိသည်
မရှိနွမ်းပါး ဆင်းရဲငြားလည်း
စကားမမှောင့် သစ္စာတရားကိုတော့
သူစောင့်မြဲပါဘဲလေ။

မေ့သားလှ (ဇလဂ္ဂ)
20-09-2010)

No comments:

Post a Comment