" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Monday, December 6, 2010

လွမ်းတမိဆွေး။

 
(၁) မြူခိုးရယ်မှောင်
လွမ်းစိတ်နှောင် ရင်ထဲမှာဖြင့်
ဝင်စွဲလို့လေး။
(၂) တမြေသူ သက်ထား
ပေါ်လာငြားရယ်နှင့်
မျှော်အားနှင့်ငေး။
(၃) မေကညာ
မောင့်သဲညှာ ဖွေရှာထားရယ်နှင့်
ကြင်နာအား ပိုလို့လေး။
(၄) အစဉ်မျှော်ယောင်
ပျိုတို့မောင် လောကီသားပေမို့
သဘောဖြူ ချစ်ဖော်ကျွမ်းကိုဖြင့်
လွမ်းတမိဆွေး။

(မေ့သားလှ (ဇလဂ္ဂ)
1-10-2010)

No comments:

Post a Comment