" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Tuesday, December 14, 2010

ဆရာမသို့တမ်းချင်း။

အတွေးအစုစု စိတ်ခံစားမှု့အထွေထွေ
 ကျေနပ်နှစ်သိမ့်မှု့ နီးစပ်မှု့
ပွင့်လင်းရိုးသားမှု့ မြတ်နိုးတတ်မှု့ ခင်မင်မှု့
အတူနေဖူးမှု့များလေလေ
မရင့်ကျက်သေးတဲ့ နှလုံးသားနုနု လှုပ်ရှားကြောင့်
နှလုံးသားရဲ့ တစ်နေရာရာမှာ
နေမသိထိုင်သာ ယိုဖိတ်လာတဲ့
မြတ်နိုးစိတ်တွေ ခင်မင်စိတ်တွေ
မေတ္တာစိတ်တွေ သံယောဇဉ်တွေ
အဖြမရှိလှတဲ့ ပဟေဠိပုစ္ဆာတွေဟာ
တားဆီးမရ အလိုလိုဝင်ရောက်နေရာယူကြ။
အော် ခုတော့ဖြင့်… နှစ်သက်စွဲမက်စရာ
အပြုံးပန်း Teachingsတွေဟာလည်း
ဟို…မိုးကုတ်စက်ဝိုင်းကြီးရဲ့
အစွန်းတစ်ဖက်ဆီသို့ ရောက်သွားချိန်မှာတော့
လက်ပြနှက်ဆက်ကျန်ရစ်ပျောက်ကွယ်သွားခဲ့တာဆိုရင် ဒီနေ့ခုထိပါဘဲ။
အင်း… (ဆရာမရဲ့) မေတ္တာစမ်းရေမှာ
ငါ့စိတ်တွေလွင့်မျော ငါ့အိပ်မက်တွေကလည်း
တခါတလေ အမောဖောက်သလိုလို
ဘာပြောရမှန်း မသိပေမဲ့
တကယ်တော့ သတိရသား လွမ်းသား။
တဒင်္ဂမှ ဟိုတဖြေးဖြေးဝေး ပြာမီးဖွဲလို
တအုံနွေးနွးနှင့် ရင်ခွင်ဆူ
မျက်ရည်ပူစီးကြောင်း
ဟောဟိုက မြစ်ချောင်းတွေများ ဖြစ်နေရော့လား?
အင်း… နေ့ရက်တွေကြာသော်လည်း
မေ့ရက်စရာတော့ မရှိ
ရှေ့ဆက်လို့ မျှော်မှန်း
ဆရာမရဲ့သင်တန်း စာသင်ခန်းသို့
 လွမ်း၍တစ်ခေါက် ပြန်ရောက်ချင်စမ်းပါဘိ။
လက်ပြနှက်ဆက် အပြန်ခက်စဉ်
လန်းဆန်းမရွှင် နွမ်လျက်ရင်ဖြင့်
တရားအသိနဲ့ နှက်ဆက်ခဲ့၏
*We must all live in present moment.
Good bye, see you again တဲ့။
Ms. Monica Harvey (USA)
*From (ဆရာမ) (02-08-2010 Received message)
သတိရစွာဖြင့်
(မေ့သားလှ 03-08-2010)

No comments:

Post a Comment