" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Thursday, December 2, 2010

ချစ်စရာ့ မြန်မာ့ဓလေ့ ရေချမ်းစဉ်...

ဖွဖွကျွန်ုပ် ညွန်းဆိုထုတ်၍
တစ်ပုဒ်ကဗျာ ရေးဖွဲ့ပါသော်
ရေအရှာခက် နွေအခါရက်တွင်
စိတ်လက်ထွေပန်း နွမ်းလျစွမ်းအင်
ရွှေရင်လှပ်လှပ် တဖတ်ဖတ်မော
ထိုသောကာလ သမယတွင်
မြစ်ချောင်းကန်သာ ရေဇလာနှင့်
ရက်ဆက်မပြင်း လက်ယက်တွင်းက
သင်းသင်းကြည်အေး ရေလေးတစ်ပေါက်
သောက်ပါစေကြောင်း နှစ်ထောင်းဖွယ်ရာ
စေတနာနှင့် ဝေဖြာထပ်ထပ် သဒ္ဓါဓာတ်ကြောင့်
လမ်းဘေးတစ်လျှောက် သစ်ပင်အောက်နှင့်
ကျောင်းထောက်ဇရပ် ဘေးတွင်ကပ်လျက်
ရေငတ်သူတွေ ရေဆာပြေအောင်
မသွေဒါန ပြုလုပ်ကြသည့်
မြန်မာ့ဓလေ့ရေချမ်းစဉ်
ရေစင်အေးမြ ဘေးမခ
ချစ်စရာ့ဓလေ့ ဒို့မမေ့။
နှစ်လိုဖွယ်ရာ စေတနာနှင့်
ချမ်းမြေ့သဒ္ဓါ စမ်းရေသာ၌
ဓာတုပိုးမွှား အဆိပ်များနှင့်
ဆိုးဝါးဓာတ်ငွေ့ ရှာမတွေ့နိုင်။


အသပြာငွေကြေး သင်လာပေးလည်း
အရေးမထား စိတ်မဝင်စားဘူး။


အလှမေတ္တာ စေတနာနှင့်
သဒ္ဓါဝေဖြာ မြန်မာ့ရွာတိုင်း
ရက်ကွက်တိုင်းတွင် တွေ့ကာမြင်ရ
ချစ်စရာ့ မြန်မာ့ဓလေ့ ရေချမ်းစဉ်
ဤကမ္ဘာတွင် သင်ဘယ်မှာပင်
ဖွေရှာတွေ့မြင် ကြုံဖူး မြင်ဖူးပါသနည်း။


(မေ့သားလှ-ဇလဂ္ဂ)

12, November 2010

No comments:

Post a Comment