" စိတ်ကူးတို့၏ ကွန့်မြူးရာ အနုပညာတို့ရဲ့ ပေါင်းစည်းရာ မိမိဖန်တီးထားတဲ့ ဒီဘလော့ရပ်ဝန်းလေးမှ မိတ်ဆွေအား နွေးထွေးစွာ ကြိုဆိုပါသည်...။

Sunday, December 5, 2010

ချစ်စရာ့ ဧရာဝတီ

ချစ်စရာ့ ဧရာဝတီ

မေခ မလိခ မြစ်နှစ်ဝမှ
ဆုံကြရေစဉ် ပေါင်းဆုံဝင်၍
တောင်စဉ်ကျော်ဖြတ် လမ်းခုလတ်လည်း
မြေပဲစပါး ဂျုံပါများနှင့် မြောက်များသီးနှံ
ပိုလျှံစွာပင် နွေမိုးဆောင်းတွင်
အလှဆင်လျက် မြန်ပြည်တစ်ခွင်
ရေဝလင်ပြီး အစဉ်စိုက်ပျိုး
အထွက်တိုးကြောင့် သဒ္ဓါဖြိုးလှူဒါန်း
အံ့မခန်းစွ မြန်မာ့တစ်ကြော
စည်သံဗျောတို့ သာမောဖွယ်ပ
ချစ်စရာ့ ဧရာဝတီ။
မြန်မာ့အလှပီ သဘာဝပန်းချီ
ဟန်ကြွချီသည့် ဧရာဝတီ။
တပြည်လုံး ကြည်နှလုံး
ရွှင်ပြုံးစေသည့် ဧရာဝတီ။
နေခြည်ရွှေရည် ပွားဝေစည်သည့်
ချစ်စရာ့ ဧရာဝတီ။
အရှည်လေးနက် မြန်ပြည်အတွက်
မသွေပေးဆက်ခဲ့သည့် ဧရာဝတီ။
ဆန်ရေစပါး ပေါကြွယ်ပွား
နိုင်ငံသားတို့အား ကျေးဇူးများသည့်
ချစ်စရာ့ ဧရာဝတီ။
နွေမိုးဆောင်းဝယ် ရေအလျှံပယ်
ရွှေမြန်နယ်တွင် အလှဆင်သည့်
ချစ်စရာ့ ဧရာဝတီ။
နံနက်ညနေ ရေငတ်ပြေ၍
မြစ်ရေသွင်သွင် လွမ်းဖွယ်ထင်ရ
ပျော်ရွှင်အားရ သောက်မဝသည့်
ချစ်စရာ့ ဧရာဝတီ။
အော်…သမိုင်းစဉ်လာ အလှဝေဖြာသည့်
ဧရာမြစ်မင်း သင့်သတင်းကို
ချစ်ခြင်းခုတိုင် ပြောမဆုံးနိုင်ပါတကား။
မေ့သားလှ-(ဇလဂ္ဂ)
 Mon- 6-12-2010

No comments:

Post a Comment